သင်္ဃန်းကျွန်းမြို့နယ်၌ အိမ်စီးကားလမ်းဘေးရှိ ဓာတ်တိုင်ကိုဝင်တိုက် ၃ ဦးဒဏ်ရာရ

0
205

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်းမကြီးပေါ်ရှိ မင်းဒင်မှတ်တိုင်အနီးတွင် စက်တင်ဘာ ၂ ရက်ည ၁၀ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိဓာတ်တိုင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ဓာတ်တိုင်ကိုကားခေါင်းနဲ့ဝင်တိုက်မိတာ ခေါင်းပိုင်းအတော်ပျက်စီးသွားတယ် ကားပေါ်မှာက အမျိုးသား ၄ ယောက်လိုက်လာတာပါ ၃ ယောက်ဒဏ်ရာရတယ် အဲဒီထဲကတစ်ယောက်က စိုးရိမ်ရတယ် ၁ ယောက်ကတော့ထိခိုက်ဒဏ်ရာရတာမရှိဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအား လူမှုကူညီရေးအသင်းကားများဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here