တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး နေအိမ်ပေါ်သို့ အုတ်တံတိုင်းပြိုကျမှု‌ကြောင့် အမျိုးသမီး (၁) ဦးဒဏ်ရာရ

0
222

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်တင်ဘာ (၂) ရက်ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေအိကျကာ နေအိမ်ပေါ်သို့ အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ ည (၁၀) နာရီခွဲခန့်က တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရတနာသီရိရပ်ကွက်ရှိ အုတ်ဖိုဘုန်းတော်ကြီးကျောင်း၏ အုတ်တံတိုင်းမှာ နေအိမ်တစ်လုံးပေါ်သို့ ပြိုကျသွားခဲ့ကြောင်း သိရသည်။

“မိုးရွာတာများတဲ့အတွက် မြေအိကျပြီး ဘုန်းကြီးကျောင်းက (၆) ပေလောက်မြင့်တဲ့ အုတ်တံတိုင်းက အိမ်ပေါ်ပြိုကျသွားတာ။ အိမ်ထဲမှာ ရှိနေတဲ့ အမျိုးသမီး (၁) ယောက်ထိခိုက်သွားတယ်”ဟု တောင်ကြီးမြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-တောင်ကြီးမြို့နယ်ကြက်ခြေနီ


LEAVE A REPLY

Please enter your comment!
Please enter your name here