ပြင်ဦးလွင်မြို့နယ် ပေါက်တော ရေလှောင်တမံ၌ ရေနစ်ပျောက်ဆုံးသွားသူ၏ ရုပ်အလောင်းအား ယနေ့နံနက်ပိုင်းတွင် ပြန်တွေ့

0
304

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပေါက်တောကျေးရွာရှိ ပေါက်တော ရေလှောင်တမံ၌ စက်တင်ဘာ (၂) ရက်မွန်းလွဲ (၂) နာရီဝန်းကျင်အချိန်က အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်ပျောက်ဆုံးသွားသူအား ပြင်ဦးလွင် မြို့နယ် မီးသတ်စခန်း၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းတို့မှ ရှာဖွေကယ်ဆယ်‌ရေးများ လုပ်ဆောင်ခဲ့ကြ‌ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ယမန်နေ့ ညပိုင်းအထိ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဘဲ ယနေ့ နံနက်ပိုင်းမှသာ ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသ ည်။

“ရေဆင်းချိုးတာလို့သိရပါတယ်။ ဖြစ်စဉ်ကို စသိတဲ့အချိန်ကစပြီး ရှာဖွေခဲ့ပေမယ့် ညမိုးချုပ်တဲ့အထိ မတွေ့ခဲ့ပါဘူး။ ဒီနေ့ မနက်အစောကြီးတည်းက ရှာဖွေရေးလုပ်ရင်း မနက် (၈) နာရီလောက်မှာ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရတာပါ။ လူလတ်ပိုင်းအရွယ်ပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ပြန်လည်တွေ့ရှိခဲ့သည့် ရုပ်အလောင်းအား သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here