မင်္ဂလာတောင်ညွှန့်မြို့နယ် ကုန်သွယ်မှုဗဟိုအဆောက်အဦးအမိုးအောက်တွင် အိမ်ခြေမဲ့တစ်ဦးသေဆုံးနေ

0
223

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ကျီတော်ရပ်ကွက်ရှိ ကုန်သွယ်မှုဗဟိုအဆောက်အဦးအမိုးအောက်တွင် စက်တင်ဘာ ၃ ရက်နံနက် ၇ နာရီခွဲခန့်က အိမ်ခြေမဲ့အမျိုးသားတစ်ဦးသေဆုံးနေကြောင်း မင်္ဂလာတောင်ညွှန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

“အသက်(၄၀)နှစ်လောက်ရှိပါပြီ ဖုန်းသတင်းရတဲ့အတွက် Dead Body ကိုသွားသယ်ပေးခဲ့တာပါ အိမ်ခြေမဲ့တစ်ယောက်ပေါ့ သေဆုံးတဲ့လူက ၊ မိတ်ဖက်အသင်းတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူရုပ်အလောင်းအား တာဝန်ရှိသူများ၏ စစ်ဆေးမှုပြီးနောက် မင်္ဂလာတောင်ညွှန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ဆေးရုံကြီးမှ PR-001 ဖြင့်လက်ခံခဲ့ကြောင်း သိရသည်။

Photo-မင်္ဂလာတောင်ညွှန့်လူငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here