မီးပြတ်နေချိန်၌ မီးကြိုးဖြတ်ခိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖားကန့်မြို့နယ်တွင် ဖြစ်ပွား

0
309

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် မီးပြတ်နေချိန်၌ ထရန်စဖော်မာ ပုံးပေါ်သို့တက်ကာ မီးကြိုးဖြတ်ခိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားသည့်ဖြစ်စဉ် စက်တင်ဘာ (၃) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးပြတ်နေတဲ့အချိန် မီးကြိုးဖြတ်ခိုးတာမှာ ဓာတ်လိုက်သေဆုံးသွားတာပါ။ လျှပ်စစ်မိန်းကြိုးကို ဖြတ်ခိုးတာဖြစ်နိုင်တယ်။ မီးပြတ်နေပေမယ့် လျှပ်စစ်မိန်းကြိုးမှာက လျှပ်စစ်ဓာတ်အား ရှိနေတယ်လေ။ ထရန်စဖော်မာ ပုံးပေါ်မှာပဲ မှောက်ရက်ကြီး သေဆုံးသွားတာ။ ဘယ်ကလဲ၊ နာမည်ဘယ်သူလဲ ၊ ဆိုတာမသိရသေးပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား သင်္ခါလူမှုကူညီရေးအသင်းမှ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး တာဝန်ရှိသူများမှလည်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here