ဒိုင်ယာနာနှင့်ဒိုတီ တို့ ကွယ်လွန်ခြင်း၂၆ နှစ်ပြည့်တွင် အယ်လ်​ဖေးယက်ဒ်(၉၄)နှစ် ကွယ်လွန်

0
229

လန်ဒန်တက္ကသိုလ်နှစ်ခု၊ Harrods စတိုးဆိုင်နှင့် ဖူလ်ဟမ်ဘောလုံးကလပ်တို့၏ ကံကြမ္မာကို အသွင်ပြောင်းခဲ့သော အီဂျစ်သူဌေးကြီး မိုဟာမက် အယ်လ်​ဖေးယက်ဒ် သည် ၎င်း၏သားနှင့် ဒိုင်ယာနာ မင်းသမီး တို့ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့်ရန်တရက်အလိုတွင်ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

၄င်းသား ဒိုတီ​ဖေးယက်ဒ်နှင့် ဒိုင်ယာနာတို့အတူ ကားတိုက်မှုတွင်ဆုံးပါးပြီးနောက် ဗြိတိန်တော်ဝင်များနှင့် အဆင်မ​ပြေဖြစ်ခဲ့သည်။ထို့​ကြောင့်၄င်း၏ ဗြိတိန်နိုင်ငံသားဖြစ်ခွင့်အတွက် ခက်ခဲသွားခဲ့သည်။

“မိုဟာမက် အယ်လ်​ဖေးယက်ဒ် သည် ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့တွင်သက်ကြီး​ရောဂါဖြင့်ပင် အေးချမ်းစွာ ကွယ်လွန်သွားကြောင်းကို သူ၏ သားသမီးများနှင့် မြေးများက အတည်ပြုလိုက်သည်” ဟု ဖူလ်ဟမ်မှ ထုတ်ပြန်သော မိသားစုကြေညာချက် အရသိရသည်။

အယ်လ်​ဖေးယက်ဒ် သည် ၁၉၇၀ ခုနှစ်များအတွင်း UK သို့ရောက်ရှိပြီးနောက် ခမ်းနားထည်ဝါသော အဆောက်အအုံအများအပြားကို ဝယ်ယူကာ ပါရီရှိ Ritz ဟိုတယ်ကို ဆယ်စုနှစ် လေးစုကြာ ပိုင်ဆိုင်ခဲ့သူဖြစ်သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here