ရွှေဗီဇာ ခွင့်ပြုလိုက်သည့် အင်ဒိုနီးရှား

0
236

အင်ဒိုနီးရှား အစိုးရမှ နေထိုင်ခွင့်ဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းနံပါတ် 22/2023 ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နည်းဥပဒေအမှတ် 82/2023 ပါဝင်သည့် ​​ရွှေဗီဇာကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် အတည်ပြုလိုက်​ကြောင်းလဝက ညွှန်ချုပ် Silmy Karim က ထုတ်ဖော် ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားရေးကို အထောက်အပံ့ဖြစ်စေရန်အတွက် ရွှေရောင်ဗီဇာသည် လူတစ်ဦးလျှင် ၅ နှစ်မှ ၁၀ နှစ်အထိ အင်ဒိုနီးရှားတွင် နေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်း၄င်းကရှင်းပြခဲ့သည်။ ဗီဇာအမျိုးအစားခွဲခြားခြင်းသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဖြစ်ထွန်းစေမည်ဟုဆိုသည်။

အင်ဒိုနီးရှားတွင် ကုမ္ပဏီထောင်လိုသော နိုင်ငံခြားရင်းနှီးမြုပ်နှံသူများသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း သို့မဟုတ် Rp ၃၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။

၁၀ နှစ်နေထိုင် လိုပါက ရင်းနှီး မြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅ သန်း သို့မဟုတ် Rp ၇၆ ဘီလီယံဝန်းကျင်ဖြစ်သည်။

ကုမ္ပဏီမဟုတ်ဘဲ တစ်ဦးချင်းရင်းနှီးမြုပ်နှံသူများအတွက်ဆိုလျှင်အစိုးရငွေချေးစာချုပ်များ၊ အများပိုင်ကုမ္ပဏီများ၏ရှယ်ယာများ သို့မဟုတ် စုဆောင်းငွေ သို့မဟုတ် အပ်ငွေများကို အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ သို့မဟုတ် Rp ၅.၃ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပါက ၅ နှစ်နေထိုင်ခွင့် ရမည်ဖြစ်သည်။

၁၀ နှစ်နေထိုင်ဗီဇာအတွက် ရင်းနှီးမြုပ်နှံမှုမှာ US$ ၇၀၀,၀၀၀ သို့မဟုတ် Rp ၁၀.၆ဘီလီယံ ဝန်းကျင်ဖြစ်ရမည်။

ရွှေဗီဇာကိုင်ဆောင်သူများသည်  အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ/ဆိုက်​ရောက်တို့တွင် ကန့်သတ်နေထိုင်ခွင့် (ITAS) ကို လျှောက်ထားရန် မလိုအပ်တော့​ပေ။

Source: en.tempo.co


LEAVE A REPLY

Please enter your comment!
Please enter your name here