နေပြည်တော်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသည့်အမျိုးသမီးကို ကားတစ်စီးမှတိုက်ပြီးမောင်းပြေး၊ ကားတိုက်ခံရသူသေဆုံး

0
79

နေပြည်တော်၊ဇေယျာသီရိမြို့နယ်တွင် စက်တင်ဘာ ၄ ရက်(ယနေ့)နံနက်အစောပိုင်းက ကားတစ်စီးမှ စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသမီးအားတိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ သိရသည်။

ယနေ့နံနက်အစောပိုင်းက ဇေယျာသီရိမြို့နယ်၊ရွှေတွင်းကုန်းကျေးရွာနှင့်သာစည်ကျေးရွာကြားရှိ ကားလမ်းမကြီးပေါ်တွင် အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှသယ်ယူရန်သွားရောက်ခဲ့ကြသည်။

“ကားတိုက်ခံရတဲ့ဒဏ်ရာနဲ့သေဆုံးနေတာပါ တိုက်သွားတဲ့ကားကိုတော့မတွေ့တော့ဘူး မောင်းပြေးသွားတယ် သေဆုံးသူရဲ့မိသားစုဝင်တွေပြောပြချက်အရကတော့ သေဆုံးသူအမျိုးသမီးက စိတ်ကျန်းမာရေးချို့တဲ့နေတာလို့သိရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းအား ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here