ယူကရိန်း ကာကွယ်ရေးဝန်ကြီး အသစ်လဲမည်ဟု ဇလန်းစကီးကြေညာ

0
190

လက်ရှိ ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksiy Reznikov ကို နိုင်ငံရေးသမား Rustem Umyerov ဖြင့် အစားထိုးရန် ဆုံးဖြတ်လိုက်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

တန်ပြန်ထိုးစစ်ဆင်နွှဲပြီး လအနည်းငယ်အကြာတွင် ယခုကဲ့သို့ကြေညာလိုက်ခြင်းလည်းဖြစ်သည်။

ယူကရိန်း-ရုရှား စစ်ပွဲ မစတင်မီ လအနည်းငယ်အလို ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် Reznikov အား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ယူကရိန်း၏ တန်ပြန်ထိုးစစ်မှာ ထင်သလောက်အောင်မြင်မှုမရှိသည့်အပြင် လှုပ်ရှားမှုများမှာလည်း နှေးကွေးလွန်းနေကြောင်း အမေရိကန် စစ်ရေးကျွမ်းကျင်သူများက ဆိုလာကြသည်။

ထိုကြောင့် အမေရိကန်က ယူကရိန်းသို့ ပံ့ပိုးမည်ဟု ကတိပြုထားသည့် အမေရိကန်လုပ် M1 Abrams တင့်ကား ၃၁ စီးအနက်မှ ပထမဆုံး ၁၀ စီးကို စက်တင်ဘာလလယ်တွင် ယူကရိန်းသို့ပေးပို့မည်ဖြစ်ကြောင်း အမေရိကန် စစ်တပ်၏ ဥရောပနှင့် အာဖရိက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Martin O’Donnell က ပြောကြားသည်။ အစီရင်ခံစာတစ်ခုအရ အဆိုပါ တင့်ကားများကို ဂျာမနီနိုင်ငံသို့ ပေးပို့ထားပြီးဖြစ်ပြီး ပြုပြင်မွမ်းမံပြီးပါက ယူကရိန်းသို့ ပို့ဆောင်မည်ဖြစ်သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း ကီလိုမီတာ ၇၀၀(၄၃၅ မိုင်ခန့်) အကွာအဝေးရှိ ပစ်မှတ်ကို ထိမှန်အောင်ပစ်နိုင်သည့် တာဝေးပစ် လက်နက်သစ်တစ်မျိုးကို ယူကရိန်းနိုင်ငံတွင်းမှာပင် တီထွင်ထုတ်လုပ်ထားပြီး စစ်မြေပြင်တွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်းမကြာသေးမီကပင်ပြောကြားခဲ့သည်။ ထိုသို့ပြောကြားပြီး ရက်အနည်းငယ်အကြာတွင် ကာကွယ်ရေးဝန်ကြီး လဲလှယ်မည့် ကြေညာချက်ပေါ်ထွက်လာခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here