2024 AFC U23 Asian Cup ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ရန် မြန်မာ ယူ ၂၃ အသင်း တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိ

0
219

မြန်မာ ယူ၂၃ အသင်းသည် 2024 AFC U23 Asian Cup ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် အတွက် တောင်ကိုရီးယားနိုင်ငံ Changwon မြို့သို့ ယနေ့ စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက ရောက်ရှိခဲ့ပြီး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာ ယူ၂၃ အသင်းသည် ခြေစစ်ပွဲ အုပ်စု(ခ)တွင်ကျရောက်နေပြီး အိမ်ရှင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန် အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းသည် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနှင့် စက်တင်ဘာ ၆ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီ ၃၀ မိိနစ်၊ ဒုတိယမြောက် ပွဲစဉ်အဖြစ် ကာတာ အသင်းနှင့် စက်တင်ဘာ ၉ ရက်၊ အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ရှင်‌ တောင်ကိုရီးယား အသင်းနှင့် စက်တင်ဘာ ၁၂ ရက်တို့တွင် ဆက်လက် ကစားရမည် ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here