ပြည်တွင်းသို့ ဝင်ရောက်လာသူများ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ မဖြစ်မနေ ဝယ်ရမည်

0
173

ပြည်ပနိုင်ငံများမှ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသူများအနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံကို မဖြစ်မနေ ဝယ်ယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန် ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ကျန်းမာရေးအာမခံ ဝယ်ယူထားသော အထောက်အထားများကို သက်ဆိုင်ရာ ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိထံသို့ တင်ပြရမည်ဖြစ်ပြီး ကျန်းမာရေးအာမခံ ဝယ်ယူထားသည့် အထောက်အထား မပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းမှ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံကို မဖြစ်မနေဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

” ကျန်းမာရေးအာမခံကို ဝယ်ရမယ်ဆိုတာ ပြည်ပခရီးသွားတွေဘဲလား။ ပြည်ပမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့လူတွေရောပါလား မသိရသေးဘူး။ အရင်ကတော့ ဒီလိုအာမခံ ဝယ်ရမယ်ဆိုတာမရှိပါဘူး။ နိုင်ငံခြားမှာလဲ ဒီလို အာမခံဝယ်ရတာ မရှိဘူး။ သူတို့နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ အခမဲ့ ဆေးကုသခွင့်ဘဲရှိတယ်။ မဖြစ်မနေဝယ်ဆိုရင်တော့ ဝယ်ရမှာပေါ့” ဟု ဒူဘိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။

ခရီးသွားများ အနေဖြင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို တိကျစွာလိုက်နာရန် လိုအပ်ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြဌာန်းချက်သည် စက်တင်ဘာလ (၁) ရက်မှစတင်ကာ အသက်ဝင်မည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here