ငမိုးရိပ်တံတားပေါ်မှခုန်ချသွားသော အသက် ၂၃ အရွယ် အမျိုးသား၏ ရုပ်အလောင်းအား မဟာဗန္ဓုလတံတားအနီးတွင်တွေ့ရှိ

0
352

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှခုန်ချသွားသည့် လူငယ်အမျိိုးသား၏ ရုပ်အလောင်းအား ယနေ့ စက်တင်ဘာလ ၄ ရက် ညနေ ၃ နာရီခန့်က တွေ့ရှိရကြောင်း သိရသည်။

အသက် (၂၃) အရွယ်ရှိ မောင်သီဟဆိုသူသည် ပြီးခဲ့သည့် စက်တင်ဘာ (၂) ရက်နံနက် ၁၀ နာရီခန့်က သူငယ်ချင်းဖြစ်သူအား သူရေထဲခုန်ချတော့မည်ဟု ပြောကြားပြီး အိမ်သို့အသိပေးပေးရန်ပြောကြားပြီး ငမိုးရိပ်တံတားပေါ်မှခုန်ချသွားခြင်းဖြစ်ကာ ယနေ့ ညနေ ၃ နာရီခန့်တွင် ဗန္ဓုလတံတားအနီးတွင် ရုပ်အလောင်းပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

မိသားစု၀င်များ၏ အကူအညီတောင်းခံချက်အရ (ဃ) ရပ်ကွက်အခြေပြုပရဟိတအသင်းမှ မြစ်ချောင်းများအတွင်းလိုက်လံရှာဖွေရာမှ တွေ့ရှိခြင်းပြီး ဂန္ဒီဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here