ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ် လာ ၁ ဒသမ ၂၈ ဘီလီယံကျော်ရရှိထား

0
161

ယခုဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ဩဂုတ်လ (၂၅) ရက်အထိ မြန်မာ နိုင်ငံမှ ပြည်ပသို့ တင်ပို့သည့်  လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့်နှစ် ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံကျော် ရရှိထားသည့်အတွက် ကာလတူ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၆၄ ဒသမ ၈၆၈ သန်းလျော့ကျခဲ့ကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကတင်ပို့သည့် ပစ္စည်းများဖြစ်ပြီး သစ်သီးများနှင့် ဟင်းသီး ဟင်းရွက်များ၊နှမ်း၊လက်ဖက် ခြောက် ၊ သကြားနှင့် အခြားစိုက်ပျိုးရေးထွက် ကုန်များကိုလည်း အခြားနိုင်ငံများသို့ တင်ပို့ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများအားတရုတ် ၊ စင်ကာပူ ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေ့ရှ် ၊အိန္ဒိယ ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းများအပြင် တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကိုလည်း တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here