လှိုင်သာယာမြို့နယ်တွင် အသက်(၉)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးသတ်ဖြတ်ခံရ

0
6020

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊အမှတ်(၁၈) ရပ်ကွက်တွင် စက်တင်ဘာ ၄ ရက်(ယနေ့)နေ့လည်ပိုင်းက အသက်(၉)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နေ့လည် ၁ နာရီကျော်ခန့်က လှိုင်သာယာမြို့နယ်၊အမှတ်(၁၈)ရပ်ကွက်၊အနန္တသူရိယလမ်းရှိ နေအိမ်တစ်လုံးတွင် မိသားစုဝင် ၃ ဦးအသတ်ခံရကြောင်းသတင်းအရ တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ကြသည်။

အခင်းဖြစ်နေအိမ်၌ အိမ်ပိုင်ရှင်ဦးဌေးလွင်(၅၉) နှစ်မှာ နေအိမ်အောက်ထပ် ဇနီးဖြစ်သူဒေါ်စုလှိုင်ဝင်း(၅၂)နှစ်နှင့်သားဖြစ်သူဖြိုးမြတ်ကိုကို(၉)နှစ်တို့မှာ အပေါ်ထပ်အခန်းထဲတွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ဖြစ်စဥ်အား အမှုဖွင့်လှစ်ကာ လုံခြုံ ရေးအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာရဲစခန်းမှတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here