စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် အင်္ဂါနေ့(စက်တင်ဘာ ၅ ရက်) မှ ကြာသပတေးနေ့အထိ ဂျကာတာ၌ ကျင်းပသည့် (၄၃) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ထိပ်သီးအစည်းအဝေးသို့ စင်ကာပူကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်တက်ရောက်ဖို့ ဂျာကာတာသို့ရောက်ရှိနေပြီဖြစ်သည်။
အာဆီယံထိပ်သီးအစည်းဝေးတွင် မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ အငြင်းပွားနေသည့် တရုတ်နိုင်ငံက ထုတ်ပြန်လိုက်သောမြေပုံအသစ်ကိစ္စကြောင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာချိန်နှင့်အာဆီယံ ထိပ်သီးအစည်းအဝေးလုပ်မည့်အချိန်တို့ချိန်ကိုက်ဖြစ်နေသည်။
စင်ကာပူ ဝန်ကြီးချုပ်ရုံး (PMO) က တနင်္လာနေ့တွင် ကြေညာချက် ထုတ်ပြန်ရာတွင်“မြန်မာနိုင်ငံရဲ့ အခြေအနေတွေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် အမြင်ချင်း ဖလှယ်ကြမယ်” ဟုဆိုသည်။
Soyrce: CNA