နယ်စပ်မှ တင်သွင်းမည့် ကုန်စည် (၇) မျိုးအတွက် နိုင်ငံခြားငွေ ရောင်းပေးမည်

0
1224

ပြည်တွင်းသို့ နယ်စပ်မှ တင်သွင်းမည့် ကုန်ပစ္စည်း (၇) မျိုးအတွက် နိုင်ငံခြားငွေ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်ပစ္စည်း (၇) မျိုးမှာ သံ/ သံမဏိ၊ ကော်စေ့၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ၊ဆိုလာနှင့် ယာဉ်ယန္တရားများပါဝင်ကြောင်း သိရသည်။

ယခုအစီအစဉ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကော်မတီ (FESC) က နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းခွင့်ပြုထားသည့် သွင်းကုန်အမယ် (၇) မျိုးအတွက် Online Trading အစီအစဉ်မှတဆင့် နိုင်ငံခြားငွေ ရောင်းချပေးမည့်အစီအစဥ်ဖြစ်သည်။

ထို့ပြင် ကျန်ရှိသည့် ပစ္စည်းများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စိစစ်ပြီးမှသာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ် – မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၌ ပို့ကုန်/သွင်းကုန်အတွက် ယွမ်ငွေတစ်မျိုးတည်းကိုသာ သုံးစွဲရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင်လျောက်ထားသည့်အခါ ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်များမှဖြစ်စေ ဝယ်ယူထားသည့် ယွမ်ငွေရှိကြောင်း ဘဏ်စာရင်းပါ တင်ပြရမည်ဖြစ်ကြောင်းလည်း သိရသည်။

Photo credit – CNN


LEAVE A REPLY

Please enter your comment!
Please enter your name here