တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ Datengxia ရေအရင်းအမြစ် စီမံခန့်ခွဲရေး စီမံကိန်း၏ ဆောက်လုပ်ရေးပိုင်းသည် သတ်မှတ်ချိန်ထက် လေးလခန့်စောပြီးခဲ့ကြောင်း ရေအရင်းအမြစ် ဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားခဲ့သည်။
ပုလဲမြစ်လက်တက်ဖြစ်သော Xijiang မြစ်တွင် တည်ရှိသည့်ထို
ပရောဂျက်တွင် ဓာတ်အားထုတ်လုပ်သည့် ယူနစ်ရှစ်ခုပါရှိပြီး တစ်ခုစီတွင် ကီလိုဝပ် ၂၀၀,၀၀၀ ထုတ်နိုင်သည့်စွမ်းအားရှိသည်။ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၆ ဘီလီယံကျော် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းသည် ပုလဲမြစ်ဝှမ်းအတွင်း ရေလွှမ်းမိုးမှုထိန်းချုပ်ရေး၊ ရေကြောင်းသွားလာရေး၊ ရေအရင်းအမြစ်ခွဲဝေပေးရေးနှင့် ဆည်မြောင်းလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန်လည်း မျှော်လင့်ထားသလိုလူဦးရေ ၂.၈ သန်းကျော်ရှိသော Wuzhouမြို့ ကိုအထောက်ကူပြုနိုင်မည်ဖြစ် ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယခင်က မြို့သည် အနှစ် ၅၀ လျှင် တစ်ကြိမ် ရေကြီးမှုကြုံရပြီး အဆိုပါပရောဂျက်ကြောင့် ယခုနောက်ပိုင်းတွင် ရေကြီးမူမှာ နှစ် တစ်ရာလျှင်တကြိမ် ရင်ဆိုင်ရလိမ့်မည်ဟုခန့်မှန်းထားသည်။
Source: chinadaily.com.cn