သထုံမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံး၌ လက်လုပ်မိုင်းပေါက်ကွဲ

0
135

မွန်ပြည်နယ်၊သထုံမြို့၊နန်းခဲရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးတွင် စက်တင်ဘာ ၄ ရက်နေ့လည်ပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့နေ့လည် ၁ နာရီကျော်ခန့်က အမည်မသိအမျိုး ၂ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် သထုံမြို့၊နန်းခဲရပ်ကွက်၊ရန်ကုန်-မော်လမြိုင်သွားကားလမ်းဘေးရှိ မြို့နယ်လျှပ်စစ်ရုံးသို့ရောက်ရှိလာကာ လက်လုပ်မိုင်းတစ်လုံးဖြင့်ပစ်ပေါက်၍ ပေါင်မြို့ နယ်ဘက်သို့မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

“ပေါက်ကွဲသံတစ်ချက်ကြားလိုက်လို့ ဘယ်နေရာမှဖြစ်တာလဲဆိုတာ သွားပြီးစုံစမ်းကြည့်တော့ မြို့ နယ်လျှပ်စစ်ရုံးမှာပေါက်ကွဲတာလို့ သိရတယ် ထိ ခိုက်မိသူမရှိပါဘူး စစ်ဆေးရေးတွေလုပ်နေတာတွေ့ခဲ့ရတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

လက်လုပ်မိုင်းသည် မြို့နယ်လျှပ်စစ်ရုံးအ ဆောက်အဦးရှေ့ရှိ ကွင်းပြင်တွင်ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးဆုံး ရှုံးမှုမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here