သံဖြူဇရပ်-ရေးသွား လမ်းမကြီးတွင် အိမ်စီးကားနှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိ ဆိုင်ကယ်စီးလာသူ ၂ ဦး ပွဲချင်းပြီး သေဆုံး

0
295

မွန်ပြည်နယ် သံဖြူဇရပ်မြို့ စွပ်ပလောင် ကျေးရွာလမ်းဝအနီး သံဖြူဇရပ်-ရေးသွား လမ်းမကြီးတွင် စက်တင်ဘာ ၅ ရက်၊ နံနက် ၈ နာရီ၊ ၄၀ မိနစ်ခန့်က အိမ်စီးကားနှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့ စွပ်ပလောင် ကျေးရွာလမ်းဝအနီး သံဖြူဇရပ်-ရေးသွား လမ်းမကြီးတွင် ရေးဘက်မှ သံဖြူဇရပ်ဘက်သို့ မောင်းနှင်လာသော ကားက လာရာလမ်းတူ ၁၂ ဘီးကားကို ကျော်တက်ချိန် သံဖြူဇရပ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ယာဉ်တိုက်မိမှုကြောင့် ဆိုင်ကယ်စီးလာသူ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁)တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းနှင့် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here