မဟာအောင်မြေ မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲကာ ပစ်ခတ်မှုဖြစ်ပွားပြီး (၁) ဦးဒဏ်ရာရ

0
231

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ လမ်း(၄၀)၊ (၈၁) လမ်းနှင့် (၈၂) လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာ (၄)ရက် မွန်းတည့်ပိုင်းက ဗုံးပေါက်ကွဲကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းတည့် (၁၂) နာရီခွဲခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသား (၂)ဦးသည် မဟာအောင်မြေမြို့နယ်၊ လမ်း(၄၀)၊ (၈၁) လမ်းနှင့် (၈၂) လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံး (၂) လုံးဖြင့် ပစ်ပေါက်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာသူများ ပစ်ခတ်ခဲ့သည့် လက်ပစ်ဗုံး (၂) လုံးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုတို့ကြောင့် ရပ်ကွက်ရုံး အဆောက်အဦးတွင် ပျက်စီးမှုအချို့နှင့် မီးသတ်ကားတစ်စီး၏ ရှေ့လေကာမှန်ပျက်စီးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်အား လုံခြုံရေး အဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ ထိခိုက်ဒဏ်ရာရရှိသူအား နန်းတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here