မြန်မာ – အိန္ဒိယနှစ်နိုင်ငံ ပို့ဆောင်ရေး၊ နယ်စပ်ကုန်သွယ်ရေးတို့အတွက် ပြည်ထောင်စုဝန်ကြီး (၂) ဦးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေး

0
264

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar က ယမန်နေ့ စက်တင်ဘာ (၄) ရက်က နေပြည်တော်တွင် လာရောက်တွေ့ဆုံနွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ ပညာရေးနှင့်သတင်းအချက်အလက် နည်းပညာကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများဆက်လက်အကောင်အထည်ဖော်ရေးတို့အားလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရန် နှစ်ဖက်ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ကောင်စစ်ဆိုင်ရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် ဒေသဆိုင်ရာနှင့်နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here