ရုရှား – မြန်မာ တိုက်ရိုက်လေကြောင်းပျံသန်းမှု ယနေ့စတင်

0
316

ယနေ့ စက်တင်ဘာလ (၅) ရက်တွင် ရန်ကုန်နှင့် မန္တလေးမှတဆင့် ရုရှားနိုင်ငံ နိုဗိုဆီဗရစ်မြို့သို့ တိုက်ရိုက်လေကြောင်းပျံသန်းမှုကို စတင်လိုက်ပြီဖြစ်သည်။

MAI လေကြောင်းလိုင်းက အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်းတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး လေယာဉ်လက်မှတ်ခနှုန်းထားအဖြစ် အမေရိကန်ဒေါ်လာ ၄၀၉ USD သက်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်လမ်းကြောင်းသစ်သည် မြန်မာနိုင်ငံရှိ နာမည်ကြီး ပြည်တွင်းခရီးစဉ်များဖြစ်သည့် ငပလီ ၊ ဟဲဟိုး၊ ပုဂံ ၊ ညောင်ဦး ခရီးစဉ်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရုရှားနိုင်ငံမှ ခရီးသည်များအတွက် ပြည်တွင်းနယ်စပ်ဒေသများကို ဖြတ်ကျော်ကာ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေဆိပ် ၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဟနွိုင်း၊ ဖနွမ်းပင်နှင့် ကာလာကတ္တားတို့အထိ အဆင်ပြေစွာ ချိတ်ဆက်ခရီးသွားနိုင်မည်ဖြစ်ကြောင်းလည်း အဆိုပါလေကြောင်းလိုင်းမှ​ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ရုရှားနိုင်ငံသား ခရီးသွားများအတွက် မြန်မာဘက်မှ ဗီဇာဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ပြီး ရုရှားနိုင်ငံဘက်ကလည်း မြန်မာခရီးသွားများအတွက် အလားတူ ဗီဇာဖြေလျှော့ပေးရန် MIFER ဝန်ကြီးက တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here