အာဆီယံ ပဋိညာဉ်စာတမ်းပါ အခြေခံစည်းမျဉ်းများနှင့်အညီဆောင်ရွက်ရေး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဆွေးနွေး

0
481

သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များ၏ အစီရင်ခံစာများအနေဖြင့် အာဆီယံ ပဋိညာဉ်စာတမ်းပါ အခြေခံစည်းမျဉ်းများနှင့်အညီဆောင်ရွက်ရန် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့သည်။

စက်တင်ဘာ (၃) ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ (၄၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်၍ ကျင်းပခဲ့သည့် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် ကြေညာချက်များနှင့်သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ၏ အစီရင်ခံစာများသည် အာဆီယံ ပဋိညာဉ်စာတမ်းပါ အခြေခံစည်းမျဉ်းများနှင့်အညီဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အစည်းအဝေး အစီအစဉ်အလိုက် ဘာသာရပ်ခေါင်းစဉ်များပေါ်တွင်လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ တက်ရောက်လာကြသူများမှ အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ဆောင်ရွက်ခဲ့သည့် ဦးစားပေးလုပ်ငန်းစဉ်များ၊ အာဆီယံ၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုမြှင့်တင်ခြင်းဆိုင်ရာ အကြံပြုချက်များကိုလည်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်အတွက် အာဆီယံ၏ ဆောင်ပုဒ်ဖြစ်သော “ဖွံ့ဖြိုးမှုဗဟိုချက်၊ အာဆီယံက အလေးထား ဆောင်ရွက်”နှင့်အညီ ထုတ်ပြန်နိုင်ရေးပြင်ဆင်ထားရှိသော အာဆီယံကြေညာချက်များ၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) သို့ အာဆီယံ ပြင်ပနိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးခြင်း၊ (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပြင်ဆင်ထားရှိမှုများနှင့် အခြားကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here