မန္တလေးမြို့တွင်အမျိုးသမီးကြီးတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ကာ သတိလစ်သွားသဖြင့် ဆေးရုံပို့ရ

0
512

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ (၃၅) လမ်းနှင့် (၆၃) လမ်းနှင့် (၆၄) လမ်းထောင့်တွင် အဘွားရွယ် အမျိုးသမီးတစ်ဦး ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် သတိလစ်နေသည့်အတွက် ရွှေချည် စေတနာလူမှုကူညီရေးအသင်းမှ လိုအပ်သည့် ကူညီမှုများ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ (၅) ရက် နံနက် (၉) နာရီဝန်းကျင်က မဟာအောင်မြေမြို့နယ်၊ (၃၅) လမ်း၊ (၆၃) လမ်းနှင့် (၆၄) လမ်းထောင့်တွင် အဘွားရွယ် အမျိုးသမီးတစ်ဦးတည်း ဆိုင်ကယ် မောင်းနှင်လာစဉ် မတော်တဆဖြစ်ကာ တိမ်းမှောက်ခဲ့ပြီး  သတိလစ် မေ့မျောနေခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ရွှေချည် စေတနာလူမှုကူညီရေးအသင်းအပါအဝင် မိတ်ဖက်အသင်းများမှ သွားရောက်ကူညီရာ လူနာရှင်မပါရှိသည့်အတွက် အသင်းမှ အစဆုံး ကူညီလုပ်ကိုင်ပေးခဲ့သည်။    
“အသက်ကတော့ ကြီးနေပြီဗျ။ OPD ကို ပို့ခဲ့ရတယ်။ ဓါတ်မှန်ရိုက်တာ ဘာညာ အစဆုံးလုပ်ပေးပြီး နေရာရမှာ ပြန်လာခဲ့ရတာပေါ့”ဟု ရွှေချည် စေတနာလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆိုင်ကယ်မတော်တဆ ဖြစ်ခဲ့သည့် အဘွားရွယ် အမျိုးသမီး အမည်မှာ ဒေါ်မို့မို့လွင်ဟု သိရပြီး ပြည်သူများ၏ အကူညီတောင်းခံမှုအရ မန္တလေးဆေးရုံးကြီး OPD သို့ ပို့ဆောင် ဆေးကုသမှုခံယူစေကာ လက်ရှိ သတိပြန်ရနေပြီ ဖြစ်သော်လည်း လူနာရှင် မတွေ့ရသေး‌ကြောင်း ရွှေချည် စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here