မိုးညှင်းမြို့တွင် ဆိုင်ကယ်မောင်းနှင်လာသည့် သတင်းထောက် (ဟောင်း)တစ်ဦး ပစ်ခတ်ခံရ

0
325

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် စက်တင်ဘာ (၄) ရက်ညနေပိုင်းက ဆိုင်ကယ်မောင်းနှင်လာသည့် သတင်းထောက်(ဟောင်း)တစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ညနေ (၅) နာရီကျော်ခန့်က အမည်မသိအမျိုးသားများသည် ဇနီးဖြစ်သူနှင့်အတူ ဆိုင်ကယ်မောင်းနှင်လာသည့် သတင်းထောက် (ဟောင်း)ဦးသန်းထွန်းအောင်အား မိုးညှင်းမြို့ရှိ အ.ထ.က (၁) အနီးရှိ လမ်းပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် သတင်းထောက် (ဟောင်း)ဦးသန်းထွန်းအောင်မှာ ကျည်ထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မိုးညှင်းမြို့ပြည်သူ့ဆေးရုံသို့ လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးကာ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here