အိန္ဒိယနိုင်ငံတွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတရှီကျင်းပင်မတက်ရောက်သဖြင့် မိမိစိတ်ပျက်မိကြောင်း ဂျိုးဘိုင်ဒင်ဆို

0
334

တရုတ်သမ္မတ ရှီကျင်းပင်သည် ယခုသီတင်းပတ် စက်တင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပမည့် ၁၈ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်သဖြင့် မိမိအနေဖြင့် စိတ်ပျက်မိကြောင်း သမ္မတဘိုင်ဒင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားချက်အရ အဆိုပါ G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က စက်တင်ဘာ ၄ ရက်က ကြေညာခဲ့သည်။

“ကျွန်တော်စိတ်ပျက်မိပါတယ်၊ ဒါပေမယ့် ကျွန်တော် သူ့ကိုတွေ့ဖြစ်အောင် တွေ့မှာပါ” ဟု ဘိုင်ဒင်က သတင်းထောက်များအား ရှင်းပြခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒင် သည် G20 ခေါင်းဆောင်များထိပ်သီးအစည်းအဝေးတက်ရောက်ရန် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သြဂုတ် ၂၂ ရက်တွင် ကြေညာခဲ့သည်။

ရှီနှင့် ဘိုင်ဒင်တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပခဲ့သော G20 ထိပ်သီးအစည်းအဝေးတွင် နောက်ဆုံးတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here