ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ခက်ခဲသော်လည်း အကောင်းဆုံး ကြိုးစားသွားမည်ဟု မြန်မာယူ ၂၃ နည်းပြပြောကြား

0
354

မြန်မာယူ ၂၃ အသင်းအတွက် ခြေစစ်ပွဲ အုပ်စုပွဲစဉ်များမှာ ခက်ခဲသော်လည်း အကောင်းဆုံး ကြိုးစားသွားမည်ဟု မြန်မာယူ ၂၃ အသင်း နည်းပြချုပ် ဦးအောင်နိုင်ကပြောသည်။

ယနေ့ စက်တင်ဘာ (၅) ရက်တွင် ပြုလုပ်ခဲ့‌သောာ 2024 AFC U23 Asian Cup ခြေစစ်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် စတင်တာဝန်ယူတဲ့ ဩဂုတ် (၂၃) ရက်က စပြီး မြန်မာယူ ၂၃ အသင်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ အရမ်းတိုတောင်းတဲ့ ကာလပါ။ ဒါပေမဲ့ ပြိုင်ပွဲအတွက် သေသေချာချာ ပြင်ဆင်ထားပါတယ်။ ပြီးခဲ့တဲ့ (၃၁) ရက်က ရှမ်းယူနိုက်တက်နဲ့ ခြေစမ်းခဲ့ရာမှာ ကစားသမားတွေ အတိုင်းအတာ တစ်ခုအထိ တိုးတက်မှုရှိတာ တွေ့ရပါတယ်။ ခြေစစ်ပွဲ အုပ်စုအနေအထားက ခက်ခဲပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်။ ရလဒ်နဲ့ ကစားသမားတွေ စွမ်းဆောင်မှု ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်။” ဟု နည်းပြချုပ် ဦးအောင်နိုင်ကပြောသည်။

မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းသည် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနှင့် စက်တင်ဘာ (၆) ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၁) နာရီ (၃၀) မိနစ်၊ ဒုတိယမြောက် ပွဲစဉ်အဖြစ် ကာတာ အသင်းနှင့် စက်တင်ဘာ (၉) ရက်၊ အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ရှင်‌ တောင်ကိုရီးယား အသင်းနှင့် စက်တင်ဘာ (၁၂) ရက်တို့တွင် ဆက်လက် ကစားရမည် ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here