INGO ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာ၊ ပြည်တွင်းခရီး သွားလာခွင့်နှင့် အသင်းအဖွဲ့ မှတ်ပုံတင်ရေးတို့ကိုဆွေးနွေး

0
208

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ UNOCHA ရုံးအကြီးအကဲ Mr. Sajjad Mohammad Sajid တို့ တွေ့ဆုံ၍ INGO ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာ၊ပြည်တွင်းခရီးသွားလာခွင့်နှင့် အသင်းအဖွဲ့မှတ်ပုံတင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမှ မြန်မာနိုင်ငံဆို င်ရာ UNOCHA ရုံးအကြီးအကဲ Mr. Sajjad Mohammad Sajid အား စက်တင်ဘာ (၄) ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ်  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှုးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိ နှိုင်းရေးမှူး Under Secretary General and Emergency Relief Coordinator Mr. Martin Grif fiths ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးညှိနှိုင်းခဲ့မှုများအပေါ် ဆက်လက်ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် UNOCHA တို့ကြား သဘောတူညီမှုစာလွှာ(LoA) သက်တမ်းတိုးရေးတို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် INGO ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာဆိုင်ရာ၊ပြည်တွင်းခရီးသွားလာခွင့်၊ နိုင်ငံတကာအဖွဲ့အစည်းများ ၏ အသင်းအဖွဲ့မှတ်ပုံတင်ရေး၊ ဝန်ကြီးဌာနနှင့် UNOCHA တို့ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here