အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက် စွက်ဖက်ခြင်းမပြုရန် ထပ်လောင်းအသိပေး

0
268

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အခြေခံမူများကို တိကျစွာလေးစားလိုက်နာပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်းမပြုရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၅ ရက်(ယနေ့)တွင် ထပ်လောင်းအသိပေးထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့တွင် စက်တင်ဘာ ၅ ရက်(ယနေ့)ပြုလုပ်ခဲ့သည့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းအပေါ် အာဆီယံခေါင်းဆောင်များ၏ ပြန် လည်သုံးသပ်ချက်နှင့်ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ချက်၌ ရေးသားထားခြင်းဖြစ်သည်။

ထို့ပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ ထုတ်ပြန်ချက်(မူကြမ်း)အား မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ အမြင်နှင့်ရပ်တည်ချက်တို့ကို ထည့်သွင်း မဖော်ပြဘဲ လျစ်လျူရှူခဲ့သည်ဟု ရေးသားထားသည်။

ထို့ကြောင့် အပြုသဘောမဆောင်သည့် သုံးသပ်ချက်များနှင့်တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့် ဆုံးဖြတ်ချက်များပါရှိသော တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ကိုကန့်ကွက်သည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အခွင့်အရေးဖြစ်သည့် တန်းတူရည်တူကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့် မြန်မာနိုင်ငံမှတက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here