(၂) လအတွင်း ရွှေတိဂုံ စေတီတော်မြတ်ကြီးအား အလှူငွေကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော်နှင့် ရွှေပြား (၅၇) ချပ်လှူဒါန်းခဲ့ကြ

0
185

ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် အလှူရှင်များမှစဥ်ဆက်မပြတ် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိရာ ဇူလိုင် (၁) ရက်မှ သြဂုတ် (၃၁) ရက်အထိ (၂) လအတွင်း အလှူငွေကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော်နှင့် ရွှေပြား (၅၇) ချပ် လက်ခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုများအတွက် ထုတိအနုမောဒနာဂုဏ်ပြုလွှာပြန်လည်ချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေ စက်ချ အလှူတော်မင်္ဂလာအား (၅၈၂)ကြိမ်မြောက်အဖြစ် စက်တင်ဘာ (၅) ရက် နေ့လယ်ပိုင်းက စေတီတော်ရင်ပြင်တော် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အလှူရှင်များက ရွှေစင်ရွှေပြားများနှင့်အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးကျော်ဇေ ယျနှင့် ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ရွှေတိဂုံစေတီ‌တော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ အဂ္ဂမဟာဂန္တဝါစ ကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ပါဠိပါရဂူ၊ ရွှေပြ ည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တနာဂိတထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကြောင်းလည်း သိရသည်။

(၂)လအတွင်း အလှူရှင်(၇၈)ဦးအပါအဝင် အလှူရှင်များက အလှူတော်ငွေကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော်နှင့်အလှူရှင်(၄၁)ဦးတို့က (၆)ကျပ်သားရွှေပြား (၃) ချပ်၊ (၃)ကျ ပ်သားရွှေပြား (၂) ချပ်နှင့် (၁) ကျပ်သားရွှေပြား (၅၂) ချ ပ် စုစုပေါင်း (၅၇) ချပ်တို့အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here