G20 အဖွဲ့ဝင်မဟုတ်​သော်လည်း ထိပ်သီးအစည်းအဝေးသို့အထူးဖိတ်ကြားခံရသည့် ဘင်္ဂလား​ဒေ့ရှ်

0
242

ဘင်္ဂလား​ဒေ့ရှ် ဝန်ကြီးချုပ် ဟာဆီနာသည် အိန္ဒိယတွင်ကျင်းပမည့် G20 ထိပ်သီးအစည်း အဝေးသို့ အထူးဖိတ်ကြားခံရသဖြင့်တက်ရောက်ရန် နယူးဒေလီသို့စက်တင်ဘာ ၈ ရက်​နေ့တွင်​သွားရောက် မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဟာဆီနာ ရောက်ရှိပြီး နာရီပိုင်းအကြာတွင် အိန္ဒိယ၀န်ကြီးချုပ်၏ နေအိမ်၌ တရားဝင်တွေ့ဆုံကြမည်ဖြစ် ကြောင်း နှစ်နိုင်ငံသံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ယမန်နေ့က နယူးဒေလီသတင်းထောက်က သတင်းပေးပို့သည်။

ထိုသို့ တွေ့ဆုံရာ၍ Teesta နှင့် Ganges ရေခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များကို တိုးတက်​ရေး​ဆွေး​နွေးမည် မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဟာဆီနာ သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ပြီးဆုံးသည့်နေ့ စက်တင်ဘာ ၁၀ ရက် နံနက်တွင် ဒါကာသို့ ပြန်မည်ဖြစ်သည်။

မိုဒီ နှင့် ဟာဆီနာ တို့သည် မကြာသေးမီက တောင်အာဖရိကနိုင်ငံ Johannesburg တွင်BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြရင်း အလွတ်သဘော ပြောဆိုခဲ့ကြ​သေးသည်။

နယူးဒေလီတွင် ဟာဆီနာနှင့် မိုဒီတို့ကြား တွေ့ဆုံမှုသည် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဖြစ်သည့်အတွက် သိသိသာသာ အရေးကြီးသည်ဟု ရှုမြင်သည်။

ဟာဆီနာသည် ဒေလီတွင်နေထိုင်စဉ်အတွင်း ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အပါအဝင် အခြားနိုင်ငံများနှင့်ပါတွေ့ဆုံသွားမည်ဖြစ်သည်။

Source: thedailystar


LEAVE A REPLY

Please enter your comment!
Please enter your name here