နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်း၍ ကျေးရွာ ၅ ရွာအတွင်းရေဝင်ရောက်၍ ကျေးရွာနေသူများအား ရေဘေးလွတ်ကင်းရာရွှေ့ပြောင်းပေးခဲ့ရ

0
217

နေပြည်တော်၊ဥတ္တရသီရိမြို့နယ်တွင် စက်တင်ဘာ ၅ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများမြင့်တက်လာခဲ့သဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၉ နာရီခွဲခန့်မှစတင်ကာ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုချောင်းနှင့်ပင်းတီးချောင်းတို့၏ ချောင်းရေများမြင့်တက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများမြင့်တက်လာခဲ့သဖြင့် ဥတ္တရသီရိမြို့နယ်ရှိ တောင်ညိုကျေးရွာ၊ကြီးပွားကျေးရွာ၊ဆယ်သိန်းကျေးရွာ၊တက်ရှိန်းကျေးရွာနှင့်သရက်တောကျေးရွာတို့တွင် နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရေဝင်ရောက်မှုဖြစ်ပေါ်နေသည့် နေအိမ်များတွင်နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here