သမ္မတပူတင်၏တောင်းဆိုမှုများဖြည့်ဆည်းပေးပါက ပင်လယ်နက်သဘောတူညီမှုပြန်အသက်ဝင်လာနိုင်ဟုဆို

0
389

မော်စကို၊စက်တင်ဘာ ၅

ရုရှား – ယူကရိန်းအရေးစတင်ချိန်မှစ၍ ယူကရိန်း သို့ ဂျုံတင်ပို့မှုများရပ်ဆိုင်းခဲ့ရသောကြောင့် တုကီယေးနှင့်ကုလသမဂ္ဂတို့ကကြားဝင်စေ့စပ်ပေးခဲ့သည့် ပင်လယ်နက်သဘောတူညီချက်ကို ရုရှားဘက်က ဇူလိုင်လ၌ ဖျက်သိမ်းခဲ့သည်။

သမ္မတပူတင်ကမူ ၎င်း၏တောင်းဆိုချက်များကိုလိုက်လျောပေးပါက ပင်လယ်နက်သဘောတူညီချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုလုပ်ရန်အဆင်သင့်ရှိ‌နေပြီး သဘောတူညီမှုကို ပြန်အသက်သွင်းပေး နိုင်သည်ဟုဆိုခဲ့သည်။

ရုရှားပို့ကုန်များအတွက် စည်းကမ်းတင်းကျပ်မှုများနှင့်ပိတ်ဆို့မှုများလျှော့ချပေးပြီး အစားအစာနှင့်ဓာတ်မြေဩဇာတင်ပို့မှုအတွက် စည်းမျဉ်းများလျှော့ချနိုင်ပါက ဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

ရုရှားအစားအစာနှင့်ဓာတ်မြေဩဇာတင်ပို့မှုအပေါ် ပိတ်ဆို့မှုမလုပ်ထားသော်လည်း ငွေပေးချေမှု၊သယ်ယူပို့ဆောင်မှုနှင့် အာမခံများအတွက်ချမှတ်ထားသည့်စည်းမျဉ်းများကြောင့် တင်ပို့မှုများအတွက်ထိခိုက်နစ်နာရသည်ဟုလည်းရုရှားကဆိုခဲ့သည်။

အမေရိက အပါအဝင် အနောက်အုပ်စုနိုင်ငံများနှင့် နားလည်မှုသဘောတူညီချက်တစ်ရပ်ကို သီးသန့်ပြုလုပ်လိုကြောင်းသမ္မတပူတင်ကဆိုကာယခုအခါ ရုရှားသည် အာဖရိကတိုက်သို့ စားနပ်ရိက္ခာအခမဲ့ထောက်ပံ့ရေး သဘောတူညီချက်တွင် ပါဝင်နေပြီဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here