ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ကရာတေးသင်တန်း၊ မြားပစ်သင်တန်းဆင်းပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနားကျင်းပ

0
339

စက်တင်ဘာလ ၄ရက်နေ့၌ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ကရာတေးသင်တန်း၊ မြားပစ်သင်တန်းဆင်းပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဉပဒေချုပ်မှ အဖွင့်အမှာစကားနှင့် နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ လူငယ်နှင့်အားကစားရေးရာဝန်ကြီးဌာနမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ပြောကြားကာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ကရာတေးနှင့် မြားပစ်သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြင့်ပြီး သင်တန်းနည်းပြများအားလည်း ဂုဏ်ပြုလက်မှတ်များချီးမြင့်ခဲ့သည်။

အခမ်းအနားတွင် YUFL Archery Club သီချင်းဖြင့် ဖျော်ဖြေခြင်း၊ ကရာတေးဒိုနှင့် မြားပစ်သရုပ်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲတွင် မြားပစ်မှ သင်တန်းဆင်းကျောင်းသား/သူ အယောက် (၄၀) နှင့် ကရာတေးမှ သင်တန်းဆင်းကျောင်းသား/သူ (၃၅) ယောက် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here