ကညနတွင် လိုင်စင်ဝင်ပါက ယာဥ်မှန်၊ မမှန်စစ်ဆေးခြင်းများကို ယနေ့မှစ၍ ပြန်လည်လုပ်ဆောင်မည်

0
341

ယနေ့ စက်တင်ဘာ (၆) ရက် မှစတင်ကာ ကညန တွင်လိုင်စင်ဝင်ပါက ယာဥ်မှန်၊ မမှန်စစ်ဆေးခြင်းများ ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

နှစ်နှစ်နှင့် ခြောက်လခန့်ကြာ ကင်းလွတ်ခွင့်ပြုထားသည့် ယာဥ်စစ်ဆေးမှုအား ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယာဥ် မှန်၊ မမှန် စစ်ဆေးခြင်း၊ ပြောင်းလဲခြင်း(အင်ဂျင်ပြောင်း၊ ဆေးရောင်ပြောင်း၊ ကိုယ်ထည်ပြောင်း )များအတွက် ယာဥ်စစ်ဆေးခြင်း ၊ နယ်ဝင်မော်တော်ယာဥ် စစ်ဆေးခြင်း (မော်တော်ဆိုင်ကယ်မပါ) တို့အား ယာဥ်မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရာတွင် ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါ ပြန်လည်စစ်ဆေးခြင်း လုပ်ငန်းစဉ်တွင် နယ်လိုင်စင်များနှင့် မော်တော်ဆိုင်ကယ်များ မပါဝင်​ပေ။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် မတ်လ (၂၂) ရက်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ (၃၀) ရက်ထိ Road Safety ဖြစ်ရန် အရေးကြီးသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးမှ ခရီးသည်တင်ယာဥ်များကိုသာ ယာဥ်စစ်ဆေး၍ အခြားမော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ်များအားလုံးကို ယာဥ်စစ်ဆေးခြင်းမပြုဘဲ နှစ်လဲသက်တမ်းတိုးလုပ်ငန်းများဆောင်ရွက်ပေးခြင်းကို ယာဥ်စစ်ဆေးခြင်းကင်းလွတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here