ရွှေလုပ်ငန်းလိုင်စင် ၅ မျိုးအတွက် ထောက်ခံချက်အခမဲ့ထုတ်ပေးနေကြောင်း YGEA ကြေညာ

0
251

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းရှင်များအားလုံးကို ရွှေလုပ်ငန်းလိုင်စင် ၅ မျိုးအတွက် ထောက်ခံချက်အခမဲ့ထုတ်ပေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လိုအပ်သော (၁) ရွှေဆိုင်လိုင်စင်ထောက်ခံချက်၊ (၂) ရွှေသန့်စင်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊
(၃) ပန်းတိမ်လုပ်ငန်းလိုင်စင်ထောက်ခံချက်
(၄) အပေါင်ဆိုင်လုပ်ငန်းလိုင်စင် ထောက်ခံချက်နှင့်
(၅) ရွှေအတုံးအခဲ အရောင်းအဝယ် လိုင်စင်ထောက်ခံချက်များကို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် အခမဲ့ ထောက်ခံပေးလျက်ရှိကြောင်း အသိပေးထားသည်။

ထို့ကြောင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်‌သောထောက်ခံချက်များအား YGEA အသင်းရုံးတွင် ရုံးချိန်အတွင်း လာရောက်၍ အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဆိုင်လုပ်ငန်း တစ်သောင်းကျော်ရှိပြီး နှစ်စဉ် ဒီဇင်ဘာလကုန်၌ သက်တမ်းကုန်ဆုံးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here