မြောက်ကိုရီးယားအနေဖြင့် ရုရှားသို့လက်နက်ထောက်ပံ့ပါက ထိုက်တန်စွာပြန်ပေးဆပ်ရမည်ဟုအမေရိကဆို

0
285

ဝါရှင်တန်၊စက်တင်ဘာ ၆

ယခုကာလအတွင်း မော်စကိုနှင့်ပြုံယမ်းအကြား လက်နက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများတိုးတက်လာပြီး ပြုံယမ်းအနေဖြင့် ယူကရိန်းစစ်၌အသုံးပြုရန် ရုရှားဘက်သို့လက်နက်ထောက်ပံ့မှုပြုလုပ်ပါက ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ရလိမ့်မည်ဟု အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး မစ္စတာဂျိတ်ခ်ဆူလဗန်ကပြောကြားခဲ့သည်။

ယခုလအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ရုရှားသို့သွားကာ လက်နက်ထောက်ပံ့ရေးဆွေးနွေးမည့်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ဘက်မှထုတ်ပြန်သောကြေငြာချက်အား ခရင်မလင်ဘက်မှပြောစရာစကားမရှိကြောင်း ခရင်မလင်ကဆိုခဲ့သည်။

ရုရှားရဲ့ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး တင်းကြပ်မှုတွေကြောင့် အခုဆိုရင်ရုရှားက လက်နက်ရရှိရေးအတွက် ရင်းမြစ်တွေအားလုံးနီးပါးကိုရှာနိုင်သမျှရှာထားကြတာဖြစ်ပါတယ် ဟုလည်းမစ္စတာဆူလဗန်ကဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားသည်ကမ္ဘာပေါ်တွင် အပယ်ခံနိုင်ငံတစ်နိုင်ငံဖြစ်လာချိန်၌ ၎င်း၏အခိုင်မာဆုံးမဟာမိတ်အဖြစ် မြောက်ကိုရီးယားနှင့်ဆက်ဆံရေးကိုပိုမိုတိုးမြှင့်နိုင်ရန်ကြိုးပမ်းခဲ့သည်ဟု လည်းနိုင်ငံရေးစောင့်ကြည့်လေ့လာသူများကသုံးသပ်ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here