မြန်မာ၏ ပေါင်းစပ်ညှိနှိုင်းပေးမှုဖြင့် အာဆီယံနှင့် တရုတ်နိုင်ငံအကြား နည်းပညာပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုး

0
209

အာဆီယံနှင့် တရုတ်နိုင်ငံကြား နည်းပညာပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်လက်မှတ်အား စက်တင်ဘာ (၆) ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ လက်မှတ်ရေးထိုးခဲ့ကြပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အာဆီယံ – တရုတ် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်အား အာဆီယံကိုယ်စား အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် တရုတ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ ဥက္ကဋ္ဌ H.E. Lou Zhaohui တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်အရ အာဆီယံနှင့် တရုတ်နိုင်ငံကြား ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ မီဒီယာ၊ အခြေခံအဆောက်အဦး၊ ခေတ်မီမြို့တော်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးကဏ္ဍတို့တွင် နည်းပညာပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ရန် မြန်မာနိုင်ငံမှ အာဆီယံ – တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးညှိနှိုင်းရေးမှူးအနေဖြင့် အာဆီယံနှင့် တရုတ်နိုင်ငံကြား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here