မြန်မာ – ဆော်ဒီ နှစ်နိုင်ငံ ဘာသာစကားနှင့် ယဉ်ကျေးမှုဖလှယ်ရေးအပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်ဆွေးနွေး

0
170

နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Saudbin Abdullah Alsubaie တို့ မြန်မာ – ဆော်ဒီ နှစ်နိုင်ငံ ဘာသာစကားနှင့် ယဉ်ကျေးမှုဖလှယ်ရေး အပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီနိုင်ငံ သံအမတ်ကြီး H.E. Mr. Saud bin Abdullah Alsubaie အား စက်တင်ဘာ (၆) ရက်နေ့လယ် (၃) နာရီခွဲက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် မြန်မာ – ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် အလုပ်သမား၊ ဟိုတယ်နှင့် ခရီးသွားလာရေးတို့အား ပူးပေါင်းလုပ်ဆောင်ကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံဘာသာစကားနှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များ ဆွေးနွေးညှိနှိုင်းရန်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံမှုပေးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here