ဆောက်လက်စအဆောက်အဦပေါ်မှ လူငယ်တစ်ဦးပြုတ်ကျသေဆုံးမှု လားရှိုးမြို့တွင် ဖြစ်ပွား

0
154

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ (၁၉) လမ်းနှင့် (၃၈) လမ်းထောင့်ရှိ ဆောက်လက်စ အဆောက်အဦပေါ်မှ လူငယ်တစ်ဦးပြုတ်ကျသေဆုံးခဲ့မှု ယနေ့စက်တင်ဘာ (၇) ရက် နံနက် (၇) နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

“ဆောက်လက်စ (၃) ထပ်တိုက်ပေါ်ကနေ လူတစ်ယောက်ပြုတ်ကျတယ် သတင်းရတာနဲ့ သွားသယ်ပေးခဲ့ပါတယ်။ လူငယ်တစ်ယောက်ပါပဲ။ ဖြစ်စဥ်အသေးစိတ်ကိုတော့ တာဝန်ရှိတဲ့ လူတွေ လာပြီးစစ်ဆေးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းအား လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြပြီး ဆေးရုံကြီးမှ(PR-010)ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။

Photo – လားရှိုးလူငယ် လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here