ဘူဂေးရီးယားရေကြီးမှု သေဆုံးသူ ၄ ဦး အထိ ရှိလာ

0
227

ဆိုဖီယာ၊စက်တင်ဘာ ၇

ဘူဂေးရီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄ ဦးအထိရှိလာပြီဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များ၏ပြောကြားမှုအရသိရှိရသည်။

သေဆုံးသူများထဲတွင် ဒေသခံတရားသူကြီးတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးတို့လည်းပါဝင်ပြီး ၎င်းတို့သည် ရေကြီးရေလျှံနေချိန်တွင် တံတားပေါ်မှတစ်ဆင့် ပင်လယ်ထဲသို့ရေစီးနှင့်မြောပါသွားပြီး ကားထဲ၌ပိတ်မိသေဆုံးခဲ့ကြခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ရေစီးနှင့်မြောပါသေဆုံးသည့်အခြားသူများလည်းရှိပြီး ပြန်ဆယ်ယူရရှိသောရုပ်အလောင်းများသည် မည်သူမည်ဝါများဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်းလည်းဆိုခဲ့သည်။ နိုင်ငံတွင်းပြည်နယ်အချို့၌လည်း အရေးပေါ်အခြေအနေကြေငြာထားရသည်ဟုအာဏာပိုင်များကပြောကြားခဲ့သည်။

“နာရီပေါင်း ၂၀ လောက် မိုးကအဆက်မပြတ်ရွာနေခဲ့တာပါ၊ဒါကြောင့်လည်း မြစ်တွေရေလျှံပြီး တံတားကျိုးတာ၊ကားတွေမြောပါတာတွေဖြစ်ကုန်တာပါ” ဟု ဒေသခံဆရာဝန်တစ်ဦးကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here