ညောင်ဦးမြို့တွင် ယာယီရေဘေးရှောင်စခန်း (၂) ခုဖွင့်လှစ်ထား၊ ရေဘေးသင့်ပြည်သူ (၇၄)ဦးရှိလာ

0
167

မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် စက်တင်ဘာ (၆) ရက်နံနက်ပိုင်းမှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်နေသဖြင့် ယာယီရေဘေးရှောင်စခန်း (၂) ခု ဖွင့်လှစ်ထားရကြောင်း သိရသည်။

အဆိုပါ ယာယီရေဘေးရှောင်စခန်း (၂) ခုဖြစ်သည့် ညောင်ဦးမြို့၊ အမှတ်(၄)ရပ်ကွက်၊ (၈) မျက်နှာဘုရားဝန်းယာယီရေဘေးရှောင်စခန်းတွင် ရေဘေးသင့်ပြည်သူ (၄၇) ဦး၊ အမှတ်(၅)ရပ်ကွက်၊ သီလရှင်စုရပ်၊ မြသိန်းတန်ဘုရားဝန်း ရေဘေးရှောင်စခန်းတွင် ရေဘေးသင့်ပြည်သူ (၂၂) ဦးတို့ ခိုလှုံလျက်ရှိပြီး အမှတ်(၇)ရပ်ကွက်၊ ဝက်ကြီးရပ်တွင်လည်း ရေဘေးသင့်ပြည်သူ (၅) ဦးရှိနေကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ဘေးစီမံဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့၊ တာဝန်ရှိသူများ၊ ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ဆန်ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ငွေများကို ယနေ့စက်တင်ဘာ (၇) ရက်နံနက်ပိုင်းက ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here