မန္တလေးမြို့တွင် အသက်(၈)နှစ်အရွယ်ကလေးငယ်တစ်ဦး ယနေ့နံနက်ပိုင်းကစတင်ပျောက်ဆုံးနေ

0
324

မန္တလေးမြို့တွင် အသက်(၈)နှစ်အရွယ်ရှိ မောင်သူရရဲရင့်သည် စက်တင်ဘာ ၇ ရက်(ယနေ့)နံနက်ပိုင်းက စက်ဘီးစီးနေစဥ်ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မောင်သူရရဲရင့်သည် ယနေ့နံနက်ပိုင်းက ၅၆ လမ်းနှင့် ၁၁၈ လမ်းအနီး၌ အကျီအပြာ၊ဘောင်းဘီတိုအမည်းရောင်ဝတ်ဆင်ပြီး စက်ဘီးအစိမ်းရောင်ဖြင့် နေအိမ်အနီး၌စက်ဘီးစီးနင်းနေစဥ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သက်ဆိုင်ရာ စခန်းကိုအသိပေးအကြောင်းကြားထားတယ်လို့သိရပါတယ် နောက်ပြီး ကျွန်တော်တို့လူမှုကူညီရေးအသင်းတွေကိုလည်း အကူအညီတောင်းတာနဲ့ကူညီရှာဖွေပေးနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် ပျောက်ဆုံးနေသည့် ကလေးငယ်အားတွေ့ရှိပါက ဖုန်း ၀၉ ၇၅၅၀၉၃၁၁ နှင့် ၀၉ ၇၉၇၄၅၀၃၉၂ တို့သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here