(၈) လအတွင်း  EV လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အစီးရေ (၂၇၀၀) ကျော် ကညနတွင် မှတ်ပုံတင်ထား

0
142

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ EV မော်တော်ယာဉ်၊ EV ဆိုင်ကယ်နှင့် EV သုံးဘီးယာဉ် အစီးရေ (၂၇၇ ၉)စီး မှတ်ပုံတင်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအထိ ပြည်တွင်း၌ မှတ်ပုံတင်ထားသည့် EV မော်တော်ယာဉ် အစီးရေ (၅၇၉) အထိ မှတ်ပုံ တင်ခွင့်ပြုပေးထားကြောင်း သိရသည်။

လက်ရှိ သြဂုတ်လကုန်အထိ မှတ်ပုံတင်ခွင့်ပြုပေးထားသည့် EV မော်တော်ယာဉ် အစီးရေ (၆၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ EV မော်တော်ယာဉ်များတွင် လူစီးကားများအပြင် ကုန်တင် (ဝန်ပေါ့) (၂) စီးနှင့် ကုန်တင် (ဝန်လေး) (၁) စီးတို့လည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် နှစ်ဘီးတပ် EV ဆိုင်ကယ် (၁၈၀၀) ကျော်နှင့် သုံးဘီးတပ် EV သုံးဘီးဆိုင်ကယ် (၂၃၀) ကျော်ကိုလည်း မှ တ်ပုံတင်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

EV ဈေးကွက်အတွင်း ဝယ်ယူသူ လူကြိုက်များလာသည့် အတွက် EV မော်တော်ကား ဈေးနှုန်းများလည်း ဈေးမြင့်တက်လာနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here