စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိထား

0
143

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ဩဂုတ်လ (၂၅ ) ရက်အထိ ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၈၅ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါ ပို့ကုန်ရ‌ငွေ ပမာဏမှာ ပြီးခဲ့သည့်နှစ် ကာလတူ နှင့် နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၉၅၁ ဒသမ ၀၃၀ သန်းကျော်လျော့ကျနေသေးသည်။

ကဏ္ဍအလိုက် တင်ပို့မှုအနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅၁ ဘီလီယံကျော်နှင့် နိုင်ငံပိုင်ကဏ္ဍ တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒဿမ ၃၄ လီလီယံ ရရှိထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုတွင် ချုပ်ပြီးအထည်တင်ပို့မှု၊ သကြား၊ သဘာဝ ဓာတ်ငွေ့နှင့် အခြားစက်မှုကုန်ကြမ်းပစ္စည်းများကို တင်ပို့လျက်ရှိသည်။

ထို့အပြင် လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများလည်း တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်ကဏ္ဍတွင် စက်မှုကုန်ချောတင်ပို့မှုမှ အများဆုံး ပို့ကုန်ဝင်ငွေ ရရှိထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန် (၁၀) မျိုးတွင် စက်မှုကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမနေရာတွင် ရှိနေပြီး အခြားစက်မှု ကုန်ချောပစ္စည်းများဖြစ်သည့် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝ ဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများလည်း ပါဝင်သည်။

Photo-MWD


LEAVE A REPLY

Please enter your comment!
Please enter your name here