ယ​နေ့ စားအုန်းဆီဈေးနှုန်း များ

0
166

ယနေ့(စက်တင်ဘာ ၇ ) ရက်တွင်စားအုန်းဆီဈေးနှုန်းမှာ ရန်ကုန် တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့၌ ကျဆင်းလာပြီး ကျန်မြို့နယ်အချို့တွင် ၆၀၀၀ ပတ်ချာလည်တွင်ရှိနေကြောင်း  ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။ခြွင်းချက်အ​နေဖြင့် က​လေးမြို့သည် ​စျေးနူန်းမကျဆင်းလာ​သေး​ပေ။

ရန်ကုန်တိုင်း‌ဒေသကြီးတွင် ယနေ့တွင် စားအုန်းဆီတစ်ပိဿာ ၄၄၀၀ ကျပ်၊(ယမန်နေ့တွင် တစ်ပိဿာ ၄၅၀၀ ကျပ်)၊  မကွေးတိုင်းဒေသကြီးတွင်စား အုန်းဆီတစ်ပိဿာ ၄၈၀၀ ကျပ်၊(ယမန်နေ့တွင် တစ်ပိဿာ ၆၂၀၀ ကျပ်)၊စစ်တွေမြို့တွင် စားအုန်းဆီတစ်ပိဿာ ၄၈၀၀ ကျပ်၊(ယမန်နေ့တွင် တစ်ပိဿာ ၉၀၀၀ ကျပ်)၊မော်လမြိုင်မြို့တွင် စားအုန်းဆီတစ်ပိဿာ ၅၀၀၀ ကျပ်၊(ယမန်နေ့တွင် တစ်ပိဿာ ၈၀၀၀ ကျပ်)၊ဘားအံမြို့တွင် စားအုန်းဆီတစ်ပိဿာ ၅၀၀၀ ကျပ်၊(ယမန်နေ့တွင် တစ်ပိဿာ ၈၃၀၀ ကျပ်) ကျပ်၊ ထားဝယ်မြို့တွင် စားအုန်းဆီတစ်ပိဿာ ၅၅၀၀ ကျပ်၊(ယမန်နေ့တွင် တစ်ပိဿာ ၅၀၀၀ ကျပ်)၊မုံရွာမြို့တွင် စားအုန်းဆီတစ်ပိဿာ ၄၆၀၀ ကျပ်၊(ယမန်နေ့တွင် တစ်ပိဿာ ၄၈၀၀ ကျပ်)၊ပုသိမ်မြို့တွင် စားအုန်းဆီတစ်ပိဿာ ၄၅၀၀ ကျပ် (ယမန်နေ့တွင် တစ်ပိဿာ ၆၅၀၀ ကျပ်) ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြစ်ကြီးနား၊ လားရှိုး၊ တောင်ကြီး၊ လွိုင်ကော်၊ မြိတ်၊ မန္တလေး၊ ပခုက္ကူ၊ ပြည်၊ ပဲခူး၊ ပျဉ်းမနား၊ နေပြည်တော်နှင့်ကလေးမြို့တွင် ယမန်နေ့ဈေးနှုန်းအတိုင်းဆက်လက်တည်ရှိနေသည်။

ပြီးခဲ့သည့်ဩဂုတ်လတွင် ပြည်တွင်းစားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၁၀၀၀၀ အထက်သို့မြင့်တက်နေခဲ့ခြင်းဖြစ်သည်။

မြင့်တက်နေသည့် စားအုန်းဆီဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကို အဖွဲ့ဝင် (၂၈)ဦးဖြင့် ဩဂုတ်လ (၂၈ )ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး စားအုန်းဆီဈေးနှုန်းကျဆင်းရေးကို တစိုက်မက်မက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ကော်မတီဘက်ကလည်း ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့်လုပ်ငန်းများ ပြုလုပ်မည်ဆိုပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here