ရွှေညောင်နှင့် ဗန်းမော်မြို့နယ်တို့တွင် တစ်ရက်တည်း စိတ်ကြွဆေးပြား (၄၂၀၀၀) ဖမ်းမိ

0
141

ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တို့မှ စက်တင်ဘာ (၆) ရက်တစ်ရက်တည်း၌ စိတ်ကြွဆေးပြား ၄၂၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ နံနက် (၁၁) နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် ရွှေညောင်မြို့၊ ကုန်းလှိုင်ရေကန်အနီးတွင် စိုင်းအိုက်နန်တော(၃၆)နှစ်မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၃၀၀၀၀) ပြားအား ဖမ်းဆီးရမိခဲ့သဖြင့် ရွှေညောင်နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ (၂) နာရီခွဲကလည်း မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စီအင်ကျေးရွာအနီးတွင် သောင်းဝူ(ခ)အားဝူ(၂၀)နှစ်မောင်းလာသည့် ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ ၎င်းထံမှ စိတ်ကြွဆေးပြား (၆၀၀၀) ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးချက်အရ နေ့လည် (၃) နာရီခွဲ ခန့်တွင် ၎င်းနေထိုင်သည့် ဗန်းမော်မြို့နယ်၊ စီအင်ကျေးရွာရှိ နေ အိမ်အတွင်းမှ စိတ်ကြွဆေးပြား (၆၀၀၀) ပြားအား ထပ်မံသိမ်းဆည်းရမိခဲ့၍ ဗန်းမော်မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here