ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် ရက်သတ္တပတ် ၆ ပတ်မှ ၇ ပတ်အတွင်း ရုပ်သိမ်းရလိမ့်မည်ဟု အမေရိကန် ယူဆ

0
267

ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် လာမည့် ရက်သတ္တပတ် ၆ ပတ်မှ ၇ ပတ်ခန့်အတွင်း ရုပ်သိမ်းရလိမ့်မည်ဟု သမ္မတဘိုင်ဒင် အုပ်ချုပ်ရေးအဖွဲ့က ယူဆကြောင်း ၎င်း၏သတင်းရင်းမြစ်ကို ကိုးကား၍ Economist ဂျာနယ်က ရေးသားဖော်ပြထားသည်။

Economist ဂျာနယ်မှ ဆောင်းပါးအရ ယူကရိန်း တန်ပြန်ထိုးစစ် အခြေအနေနှင့် ပတ်သက်၍ အမေရိကန်အစိုးရအတွင်း သီးသန့်သဘောထားကွဲလွဲမှုများ ရှိနေသည်။ ရှုမြင်ချက်တစ်ခုမှာ “ယူကရိန်းစစ်တပ်သည် ၎င်း၏အရန်အစီအစဉ်အများစုကို ပစ်ချပြီး ရုရှား၏ကာကွယ်ရေးတပ်များ၏ ၏ဒုတိယလိုင်းကိုမချိုးဖောက်မီ၊ ၎င်းကိုချိုးဖောက်ရန်ကြိုးပမ်းသည့်အခါတွင် ယူကရိန်းဖက်မှ အသေအပျောက်အမြောက်အမြားရှိလာမည်ဆိုခြင်းပင်ဖြစ်သည်” “လက်ရှိ ငါးနှစ်တာကာလအတွင်း ကမ္ဘာတစ်ဝန်းမှ စစ်မြေပြင်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာမည်ဆိုလျှင် သိသာလှပါသည်။” ဟု အကြီးတန်းအမေရိကန်ထောက်လှမ်းရေးအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

အမေရိကန်ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ(DIA)မှ အပြုသဘောဆောင်စိတ်ရှိသော ခွဲခြမ်းစိတ်ဖြာမှုဒါရိုက်တာ Trent Maul ၏ထင်မြင်ချက်ကို Economist ဂျာနယ်က ကိုးကားဖော်ပြထားခြင်းဖြစ်သည်။ ၎င်း၏ အကဲဖြတ်ချက်အရ ယူကရိန်းစစ်တပ်သည် ယခုနှစ်ကုန်တွင် ကျန်ရှိနေသေးသော ရုရှားရှေ့တန်းလိုင်းများ၏ ၄၀ မှ ၅၀ ရာခိုင်နှုန်းခန့်ကို ချိုးဖောက်ရာတွင် ခဲယမ်းမီးကျောက် အကန့်အသတ်နှင့် ပိုဆိုးလာသော ရာသီဥတုကိုလာည်းထည့်သွင်းစဉ်စားရန်နှင့် အမေရိကန်နှင့် ယူကရိန်း အရာရှိများက ရုရှားကာကွယ်ရေးအင်အား၏ အတိမ်အနက်ကို သဘောပေါက်နားလည်ခြင်းမရှိပဲ ၎င်းတို့ကို သံချပ်ကာဖြင့် ဖြတ်ကျော်ရန်အတင်းအကျပ်စေခိုင်းပါက ယူကရိန်းအတွက် မည်မျှ ခက်ခဲမည်ဆိုသည်ကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း Trent Maul က ထောက်ပြထားသည်။ “

ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့များသည် ဇွန်လ ၄ ရက်နေ့မှ စတင်၍ တန်ပြန် ထိုးစစ်တွင် ကျရှုံးလာခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။ စစ်ဘက်ဆိုင်ရာ အေဂျင်စီ၏ အဆိုအရ ရှေ့တန်းစစ်မြေပြင် နယ်ပယ်ပေါင်းစုံတွင် သုံးလတာ ကာလအတွင်း ယူကရိန်း တပ်ဖွဲ့ဝင် ၆၆,၀၀၀ ကျော်နှင့် လက်နက်မျိုးစုံ ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် မအောင်မြင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here