မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရွှေသာလျောင်းဘုရား၏ အဆောက်အဦးပြိုကျခဲ့

0
230

မန္တလေးတိုင်း၊မြင်းခြံမြို့တွင် စက်တင်ဘာ ၇ ရက်နေ့လည်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေသာလျောင်းဘုရား၏ အဆောက်အဦးပြိုကျသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့နေ့လည် ၁ နာရီခွဲကျော်ခန့်က မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ် (၁၀)ရပ်ကွက်၊သဲပြင်ကျောင်းတိုက်အတွင်း တည်ထားပူဇော်သည့် ရှေးဟောင်းရွှေသာလျောင်းဘုရား၏ အဆောက်အဦးပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပြိုကျပျက်စီးသွားခဲ့သည့် အဆောက်အဦးအား တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များနှင့်ဂေါပကအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here