ပြည်မြို့တွင် ကုက္ကိုပင်လဲကျ၍ နေအိမ် ၃ လုံးပေါ်ပိမိကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့

0
82

ပဲခူးတိုင်း၊ပြည်မြို့၊နဝင်းနယ်မြေ၊ဖိုးခေါင်တံတားအနီးတွင် စက်တင်ဘာ ၇ ရက်ည ၉ နာရီခွဲခန့်က ကုက္ကိုလ်ပင်လဲကျခဲ့ရာမှ နေအိမ် ၃ လုံးပေါ်သို့ပိမိသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

“လဲကျသွားတဲ့ကုက္ကိုလ်ပင်ကအကြီးကြီးပဲ အိမ် ၃ လုံးပေါ်ပိနေတယ်ဆိုတာသတင်းရတာနဲ့ ကူညီကယ်ဆယ်ရေးသွားလုပ်ပေးခဲ့တာပါ၊ ထိခိုက်ဒဏ်ရာရတဲ့လူတွေရှိပေမယ့် မစိုးရိမ်ရပါဘူး၊ ဒဏ်ရာတွေကိုဆေးကြောသန့်စင်ပေးပြီး ဆေးထည့်ပေးခဲ့ပါတယ်၊ ဆေးရုံမပို့ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ကလေးငယ်တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ ဆေးကုသမှုများပြုလုပ်ပေးခဲ့ကြကာ လဲကျနေသည့် ကုက္ကိုလ်ပင်အား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)


LEAVE A REPLY

Please enter your comment!
Please enter your name here